Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်ခြင်း

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၈၂၀၀၀-၈၅၀၀၀)ကျပ်၊နှမ်းနက် (၇၀၀၀၀-၈၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၀၀၀၀) ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၇၈၀၀၀-၈၁၀၀၀)၊ နှမ်းနက် တစ်တင်းလျှင်(၆၈၀၀၀-၈၁၀၀၀) ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၆၉၀၀၀) ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၆၉၀၀၀)ကျပ် ပေါက်ဈေးရှိပြီး လှောင်လက်များ အဝယ်လိုက်လာသဖြင့်  ယခုတစ်ပတ် နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံ ဈေးများ မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၇၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူ အချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၇၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင်ကာလတူနှိုင်း ယှဉ်ပါက မြေပဲလုံးဆံဖြူ၊ ဆီဆံဖြူ  ဈေးငြိမ်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌ

Category: Local News